Thursday 20 August 2015

ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေးအလှူ အောင်းပန်းမြို့တွင် ကျင်းပ

ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေးအလှူ အောင်းပန်းမြို့တွင် ကျင်းပ






ငြိမ်းချမ်းရေးစာဆို၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေးအလှူကို ၁၉၊ ၈၊ ၂၀၁၅ နံနက်က အောင်ပန်းမြို့၊ မယ်ခိုတောင် ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ဆရာတော်၊ သံဃာတော် အပါး ၂၀ ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိဿတ် ၃၀ ကျော်အား နံနက်စာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါတယ်။
နေ့ခင်းပိုင်းမှာ ဆရာဒဂုန်တာရာ ဂူဗိမာန်ကော်မတီ အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ဂူဗိမာန်တည်ဆောက်ပြီးစီးမှု အခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဂူဗိမာန်ဖွင့်ပွဲကို လာမည့် ၂၀၁၆ ခုနှစ်မေလ ၁၀ ရက် (ဆရာဒဂုန်တာရာ မွေးနေ့ပွဲနှင့်အတူ) ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။
လာမည့် ၂၀၀၁၉ ခုနှစ်မှာ ဆရာဒဂုန်တာရာ ရာပြည့်နှစ်ဖြစ်၍ ဆရာဒဂုန်တာရာ ဂူဗိမာန်ကော်မတီက ဆရာဒဂုန်တာရာ အထုပ္ပတ္တိ ပြုစုနိုင်ရန် ဆရာကိုခါးကွမ်းခြံကုန်း၊ ဆရာမောင်နွေထက်နဲ့ ဆရာမ ဒေါ်မြင့်မြင့်စိန် တို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဆရာ့ရဲ့ စာပေလက်ရာတွေကို ကဏ္ဍများခွဲကာ လက်ရွေးစင်စာပေါင်းစုများ အတွဲလိုက်ခွဲ၍ ထွက်ရှိနိုင်ရန် ဂူဗိမာန်ကော်မတီက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဆရာဒဂုန်တာရာ(၁၉၁၉-၂၀၁၃)သည် စာရေးသက် နှစ်ပေါင်း ၇၀ ကျော်အတွင်း ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုရှည် မြောက်များစွာရေးသားခဲ့သော စာရေးဆရာကြီးဖြစ်ပါတယ်။


Credit// https://www.facebook.com/tun.w.nyein

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲမျှော်မှန်းချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ရွေးကောက်ပွဲမျှော်မှန်းချက်


 ပြည်ပက ပြန်ရောက်လာတဲ့ တက်ကြွလှုပ်ရှားသူတွေ တည်ထောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS အနေနဲ့ ပထမဆုံးရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် နေရာတွေနဲ့ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကျနော်တို့ ၀င်တဲ့နေရာမှာတော့ ကျနော်တို့နိုင်ရမယ်ဆိုတဲ့ သဘောထား ကျနော်တို့ရှိတယ်။ ကျနော်တို့ မနိုင်နိုင်အောင်လည်းပဲ ကြိုးစား သွားမယ်။ နိုင်လိမ့်မယ် လို့လည်း ကျနော်တို့ မျှော်လင့်တယ်ပေါ့နော်။ နိုင်ငံရေး ပါတီတခုဖြစ်တယ်။ နိုင်ငံရေး ပါတီတခုဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို မလွဲမသွေ ကျနော်တို့ ဖြတ်သန်းရမှာဖြစ်တယ်။ ဒီရွေးကောက်ပွဲကနေ တဆင့်ပေါ့နော် လွှတ်တော် နိုင်ငံရေး Process ထဲမှာ ကျနော်တို့အနေနဲ့ ပါဝင်ဖို့ ကြိုးစားတာဖြစ်တယ်။ လွှတ်တော်အတွင်းမှာ ကိုယ်နဲ့ ဒီသဘော ဆန္ဒတူတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အပြောင်းအလဲကို ထိထိရောက်ရောက် အကျိုးပြုချင်လို့ဖြစ်တယ်။”
မေး။ ။တကယ်လို့များ ပါတီကြီးတွေရဲ့အနေအထားအရရော ဒီရွေးကောက်ပွဲ အနေအထားအရရော ကိုယ့်ဘက်က ရှုံးခဲ့တာဘဲဖြစ်ဖြစ် တခုခုဖြစ်မယ်ဆိုလို့ရှင်ရင် ဒီလူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ဘယ်လိုဆက်ပြီးတော့ လုပ်မလို့ ရှိမလဲပေါ့။
ဖြေ။ ။ အဓိက ကျနော်တို့ရဲ့ အဓိက မဟာဗျူဟာက ကနေ့ အပြောင်းအလဲ အတွက်ဆိုလို့ရှင်ရင် ဒီလွှတ်တော်တွင်း နိုင်ငံရေး Process ကိုလည်း ဖြတ်ရမယ်။ ဒီမိုကရေစီရင့်သန်ဖို့ နောက်ပြီးတော့ ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီကို ရှေ့ဆက်ပြီး တွန်းနိုင်ဖို့ လွှတ်တော်တွင်း နိုင်ငံရေး Process ကလည်း အရေးကြီးတဲ့ ကိစ္စတခုဖြစ်တယ်။ ဒါကို ဖြတ်ကို ဖြတ်ရမယ်ဆိုတဲ့ကိစ္စ တခုပေါ့နော်။
နောက်တခုက လွှတ်တော်တွင်း ပြင်ပ CSO တွေရဲ့ လှုပ်ရှားမှုတွေ ပြည်သူလူထု ရဲ့လှုပ်ရှားမှုတွေ ဒီလှုပ်ရှားမှုတွေ နဲ့လည်းပဲ ဒီကနေ့ အပြောင်းအလဲကို တွန်းတင်ဖို့ လိုအပ်တယ် ယူဆတယ်။ ဒီနှစ်ခု က ဟန်ချက်ညီ ချိတ်ဆက်ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်မို့ လွှတ်တော်တွင်းမှာလည်း ကျနော်တို့ ကျိမ်းသေတာကပါကိုပါမှာဖြစ်တယ်။"
DPNS အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း (၂၀)ဦး ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက လွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ပါတီအဖြစ် စုစုပေါင်း (၁၁၅၁)ဦး ရှိနေပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကတော့ ဒုတိယ အများဆုံးအဖြစ် (၁၁၃၄)ဦး ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာရင်းထုတ်ပြန် ထားပါတယ်။


Sources http://m.burmese.voanews.com/a/2926557.html
 https://www.facebook.com/pages/Democratic-Party-for-a-New-Society

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင်မည်။





လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) ကို ၎င်းတို့၏ တရားဝင် အောင်နိုင်ရေးစာမျက်နှာတွင် ဤသို့ဖော်ပြထားသည်ကိုတွေ့ရသည်။


 
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည်

ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

ပါတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အား လွှတ်တော် တွင်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုများ ဟန်ချက်ညီညီ ဆက်စပ်ဆောင်ရွက်ခြင်း မှတဆင့် ကြိုးပမ်း အကောင်အထည်ဖေါ်သွားနိုင်ရန် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်။

လွှတ်တော်တွင်းမှနေ၍ ပြည်သူလူထု လတ်တလောရင်ဆိုင်နေရသည့် (အထူးသဖြင့် အလုပ် သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား ပြည်သူများ၏) လူမှုစီပွားအကျပ်အတည်းပြဿနာများ ဖေါ်ထုတ် တင်ပြသွားနိုင်ရန်နှင့် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ လိုလားချက်များအား ထင်ဟပ်သည့် မူဝါဒ များအား ရေးဆွဲတင်ပြနိုင်ရန် ဖြစ်သည်။

လတ်တလောလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအား နိုင်ငံရေး အင်အားစုအသီးသီးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအပါအ၀င် လွှတ်တော်ပနိုင်ငံရေး ဖြစ်စဉ်အပေါ် အခြေခံ၍  လွှတ်တော်တွင်းနိုင်ငံရေးနှင့် ဆက်စပ်ဆောင်ရွက်ရေး ကြိုးပမ်းသွားနိုင်ရန် ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်း ရည်ရွယ်ချက်တူ အမြင်သဘောထားတူ အခြား ပါတီများ၊  လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက် သည်။


ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Tuesday 20 January 2015



မြန်မာ စစ်တပ် တပ်မ (၈၈) ၏ လက်အောက်ခံ (ခလရ-၅၀၄)
တပ်မှ မနေ့ ည ၁၉.၁.၂၀၁၅ ရက်နေ့ ည တွင် ကချင် ဆရာမ ၂ယောက် အား ရက်စက်စွာ ဤသို့ မုဒိမ်းကျင့် သတ်ဖြတ်
T.......... (....g)20 yer&(wai Maw)20 yer
Burmese Military raped and killed two Kachin female teacher on 19.1.2015 at Kachin State.

Credit to Lachid Kachin Facebook.