Tuesday 29 October 2013

အာဏာပိုင်မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်အား နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်မပေးသည့် ကိစ္စ ၎င်း၏ တွစ်တာနှင့် ဖေ့ဘွတ် စာမျက်နှာ များတွင်ဖေါ်ပြထား

http://www.mmfreedom-daily.com/?p=8903

U Aung Moe Zaw's Facebook 

https://twitter.com/amzaw

http://serenestars47.blogspot.com/2013/10/blog-post.html

DPNS leader laments prolong NRC issuance

REGISTRATION of Democratic Party for a New Society (DPNS) has been delayed due to prolong issuance of party chairman, U Aung Moe Zaw’s national registration card (NRC).
U Aung Moe Zaw said Friday the registration of DPNS is delayed because the Immigration Department has procrastinated in issuing his NRC. Though U Aung Moe Zaw applied for NRC at the township Immigration Office since August 2013, it has not been issued to him until now, said U Aung Moe Zaw.
“When I rang and asked to the township Immigration, they said they forwarded to the regional department. Then, the regional department forwarded to the central department again. The central department told me the card has not been given out because the director hasn’t signed it,” he said.
DPNS returned to Myanmar in August and party leaders met with the chairman of the Union Election Commission U Tin Aye for twice to register as political party. DPNS restructured its 15-member central organizing committee in August and appointed U Aung Moe Zaw as chairman, U Yin Htwe as vicechairman and U Ngwe Linn as general secretary.
U Aung Moe Zaw said DPNS is re-organizing former party members both from within the country and outside of it. The new party is founded with principles based on democracy, peace, justice and equality. DPNS was formed on Oct. 14, 1988 after ‘88 uprising by young students and the military government banned the party as unlawful organization soon after 1990 election. Party members fled the country and set up its base in Thai-Myanmar border area.
In 2012, Union Peace-Making Work Committee, led by Union Minister U Aung Min and DPNS leaders met for the first time in Thailand. Following that, a special conference of party central committee decided to reestablish the party inside Myanmar.

Monday 28 October 2013

အစိုးရမှ ကချင်ကို ဆက်လက်တိုက်နေဆဲဖြစ်။

KIA,တပ်မဟာ(၃) နှင့် (၄)အားအစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေ ==============================
======= (by-LachidKachin) ကချင်လွတ်လပ်ရေးတပ်မတော် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၁၂) အုပ်ချုပ်နယ်မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာ သော မြန်မာ အစိုးရ စစ်တပ် (စ.က.ခ-၂၁) တပ် နှင့် KIA, တပ်ရင်း (၁၂) မှ ကချင်မျိုးချစ်ရဲဘော် တို့အကြား (၂၀၁၃၊ အောက်တိုဘာလ၊ ၁၃)၇က်နေ့ မွန်းလွဲ (၁၂း၃၀) အချိန်မှ ညနေ (၃)နာရီ ချိန် အထိ KIA, တပ်ရင်း (၁၂) ထိန်းချုပ်နယ်မြေဖြစ်သော "စဂါနမ်ခွမ်း"ရွာ အနီးတွင် အပြင်းအထန်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။ ဤကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားရခြင်းမှာ မြန်မာ အစိုးရ စစ်တပ် မှ လွန်ခဲ့သော အောက်တိုဘာလ(၈)ရက်မှ(၁၀)ရက်နေ့အထိ(၃)ရက်ကြာ မြစ်ကြီးနား၌ ပြုလုပ်ခဲ့သော အစိုးရ နှင့် KIO, တို့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှ နှစ် ဘက် သဘောတူလက်မှတ်ရေးထိုးထားသော အချက်(၇)ချက် အားမြနမာအစိုးရ ဘက် မှ ချိုးဖောက်ကာ KIA, တပ်ရင်း (၁၂)အား စစ်အင်အား အလုံးအရင်းဖြင့် လာရောက် ကျူးကျော်ထိုးစစ်ဆင် တိုက်ခိုက် ခြင်းကြောင့် ဖြစ်သည်။ တိုက်ပွဲ ကြောင့် KIA, တပ်ရင်း (၁၂) အုပ်ချုပ်နယ်မြေဖြစ်သော (နမ်လင်းပါ နှင့် မုန်းဒင်ပါ) ရွာတို့ မှ ဒေသခံ ပြည်သူများသည် မိုင်းခေါင် သို့ ထွက်ပြေးသိမ်းရှောင်လာကာ ကချင် နှစ်ခြင်း ဘုရားရှိခိုးကျောင်း နှင့် ကက်သလစ် ဘုရားရှိခိုးကျောင်း တို့ တွင် လာရောက် ခို လုံနေ ကြကြောင်းကိုလည်းထပ်မံသတင်းရရှိပါသည်။ တိုက်ပွဲ အတွင်းနှစ်ဘက် စစ်တပ်၏ ထိခိုက်ကျဆုံးမှု သတင်းအသေးစိတ်အားမသိရသေးပါ။ ဆက်လက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၄) အုပ်ချုပ်နယ်မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော်ဝင်ရောက်လာ သော မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၅၀၂) တပ် နှင့် T.N.L.A တပ်ဖွဲ့ဝင်တို့ အကြား (၂၅.၁၀.၂၀၁၃) ရက်နေ့နံနက် (၈)နာရီမှ (၁၁း၄၅) နာရီအချိန်အထိ KIA, တပ်ရင်း (၃၄)နယ်မြေဖြစ်သော"ဘန်အလောဒ်"ရွာ တွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း KIA, ရှေ့တန်းအရာရှိများထံမှ သတင်းရရှိပါသည်။

စစ်ကြောရေး စခန်းအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို နံရိုး ကြေအောင် နှိပ်စက်

ထောင်တွင်းညှဉ်းပန်း နှိပ်စက်မှု အတွင်းဒဏ်ရာများ ဆေးစစ်ချက်တွေအရ တွေ့ရှိ
 နေ့သစ် ၊
 ၂၄ အောက်တိုဘာ ၂၀၁၃

                                နိုင်ငံရေးသားဟောင်းတချို့ ကျန်မာရေးစစ်ဆေးရာမှာ စစ်ကြောေ
ရးနဲ့ ထောင်တွင်းနှိပ်စက်မှုတွေကြောင့် တချို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အတွင်းကြေဒဏ်ရာတွေနဲ့ အပြင်းအထန်ခံစားနေရတာ ရှိတယ်လို့ သိရှိရပါတယ်။ လမ်းမတော်မြို့နယ်ရှိ Green Cross ဆေးရုံမှာ ဆေးစစ်ချက်ခံယူ ကုသနေတဲ့ လွန်ခဲ့သော သုံးလခန့်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးမင်နိုင် ပြောပြချက်အရ “စစ်ကြောရေးတုန်းက စရဖ နှင့် SB တွေ ခါးရိုးကိုရိုက် နှက်တယ်၊ နှလုံးတည့်တည့်ကို လက်သီးနဲ့ အချက်ပေါင်းများစွာ နေ့စဉ်ရက်ဆက် ထိုးတယ်၊ ဦးခေါင်းကို တုတ်ဖြင့်ရိုက်နှက်တဲ့ ဒဏ်တွေပေါ့ဗျာ၊ အခု ကျနော်တို့ ဖြစ်နေတဲ့ စစ်အစိုးရရဲ့ စစ်ကြောရေးတို့ ထောင်တို့ကနေ ရလာခဲ့တဲ့ ဒီဒဏ်ရာ ဒဏ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ တာဝန်ရှိတဲ့သူကတော့ အစိုးရ ပေါ့၊ ဒါပေမယ့် ဘယ်သူကမှ တာဝန်မယူပါ၊ တောင်းပန်ရကောင်းမှန်းလည်း အသိမရှိကြပါဘူး၊ ကျနော်တို့ကို လမ်းမတော်မြို့နယ် Green Cross ဆေးရုံက စစ်ဆေးပေးပြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက တာဝန်ယူပေးနေတာပါ” အောက်တိုဘာ ၂၀ ရက်နေ့က Green Cross ဆေးရုံရဲ့ ဆေးစစ်ချက်တွေအရ ကိုအေးမင်းနိုင် ရဲ့ ဝဲဘက်နံရိုးနုနှစ်ခု ပြားပြီး ကြေသွားတယ်၊ အခုချိန်မှာ သူဟာ ခါးပတ်အမြဲပတ်ထားနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ တဆက်တည်းပြောပြပြီး၊ သူနဲ့အတူ ဆေးအစစ်ခံနေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦး၊ ကိုအေးမင်းနိုင်ရဲ့ ဇနီးဖြစ်သူ နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့တဲ့ မစန်းစန်းမော်နဲ့ ကိုခင်မောင်လင်း တို့လဲ ဆေးစစ်ဆေးခံယူနေတယ်လို့ သိရှိရပါတယ်။ တဆက်တည်းမှာပဲ NLD သုံးရောင်ခြယ် ပေါင်းကူးမှ ကိုမြတ်စံ လည်း ခါးဆစ်ရိုးမှာ ရရှိတဲ့ဒဏ်ရာကြောင့် ဒီဆေးရုံမှာပဲ တက်ရောက်ကုသနေတယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းအဟောင်းတွေအပြင် အသစ်တွေလဲ ထပ်တိုးရှိနေတဲ့အတွက် သူတို့အတွက် စိုးရိမ်ကြောင်းကို ကိုအေးမင်းနိုင် ကပဲ အခုလို ဆက်လက်ပြောပြပါတယ် ... “ယခုလက်ရှိလည်း နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါ မနှိပ်စက်ဖို့ လူသားချင်းစာနာဖို့ အမှန်တကယ် မကျုးလွန်ဘဲနဲ့ တွေ့သမျှလူကို ဖမ်းဆီးနှိပ်စက် ထောင်ချတာတွေ စစ်အာဏာရှင်စနစ်မှာ ဖြစ်ခဲ့ပြီး၊ အခု ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အရင်စနစ်က လူတွေပဲ အုပ်ချုပ်နေတဲ့ အစိုးရဆိုတော့ ယခုလို လုပ်ရပ်မျိုးကို ဆက်လက်လုပ်ဆောင်နေ သေးတယ်ဆိုရင် ဘဝနဲ့ရင်းပြီး စနစ်ပြောင်းအောင် ကြိုးပမ်းခဲ့တာတွေဟာ သဲထဲရေသွန်သလို အရာမထင်ဖြစ်နေခဲ့ရင်တော့၊ ဒီမိုကရေစီလို့ အော်နေတဲ့ အခု အုပ်ချုပ်သူတွေကပဲ တာဝန် ယူပေးရမှာ ဖြစ်တယ် ဘာကြောင့်လဲဆိုတော လက်ရှိအုပ်ချုပ်သူတွေဖြစ် လို့ပဲ” ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကျန်းမာရေးအတွက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေ ပညာရေး အခြေအနေတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဖောင်ဒေးရှင်းတခု ဖြစ်ပါတယ်။ X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုမှာ မသင်္ကာလို့ အဖမ်းဆီးခံထိပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဖြိုးဝေအောင် ဆိုရင်လဲ ထောင်ကလွတ်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ အလားတူဖြစ်စဉ်များလဲ ရှိခဲ့ဖူးပါတယ်။ (ကိုအေးမင်းနိုင် ဓါတ်ပုံ)

Saturday 26 October 2013

ကာချုပ် က KNPP ကို အတွေ့မခံပဲ မအားလပ်ဟု ဆိုကာ ရှောင်တိမ်း။

ရန်ကုန်၊ အောက်တိုဘာ ၂၅

နှစ်ဖက်တပ်များအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မအားလပ်သဖြင့် တွေ့ဆုံရန် အစီအစဉ် ပျက်သွားကြောင်း KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်နေ့ တွင် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော KNPP အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် KNPP အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံရန် အစိုးရ တာဝန်ရှိသူအချို့က နှုတ်အားဖြင့် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ဦးရွှေမျိုးသန့် က ဆိုသည်။
“နှစ်ဖက် ရင်းနှီးမှုရအောင် သွားတွေ့တာပါ။ ဒါပေမဲ့ မအားဘူးဆိုတော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ၎င်းကဆိုသည်။

KNPP အဖွဲ့သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားရေးရာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ထပ်မံတွေ့ဆုံနိုင်ရန် တင်ပြခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး The Voice က မြန်မာ ငြိမ်းချမ်းရေးစင်တာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး သိရှိခြင်း မရှိကြောင်း MPC မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် နှစ်ကြိမ် တွေ့ဆုံထားသည်။

KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်အတွင်း ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ် ရေးထိုးထားသည်။

The Voice Weekly

ဦးသန်းရွှေအား ဘေးကနေထိုင် ပြောနေလို့မရဟု ၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး ဆို။

 မကြာသေးခင် ရက်ပိုင်းအတွင်းမှာ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ က မြန်မာ့နိုင်ငံ အတွက်စိုးရိမ်ကြောင်းပြောဆို တဲ့ စကားအပေါ် ထင်မြင်ယူဆ ချက်တွေကို မေးမြန်းရာမှာ ၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး က အခုလို ပြောကြားခဲ့ပါတယ်။
အခု မြန်မာ့နိုင်ငံရေးက သူ့ဘက် ကိုယ့်ဘက် တွေးနေရမယ့်အချိန် မဟုတ်တော့ဘူးလေ၊ သမိုင်းကြောင်းမှာ မှားခဲ့တာက မှားခဲ့တာပဲ၊ ဖုံးထားလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံး သိနေပြီ၊ မှားခဲ့တာမှ နှစ်ပေါင်း ၆၀ကျော် ကြာအောင် မှားခဲ့ကြတာပဲ။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့၊ ဒါပေမဲ့ တစ်ယောက်တည်း အုပ်ချုပ်နေတဲ့ နိုင်ငံရေး မဟုတ်တော့ဘူး၊
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အချိန်မှာ ဒီလိုပါပဲ၊ ပြဿနာ တွေကတော့ ရှိမှာပေါ့၊ ဒါတွေကို ဘယ်လို ကောင်းအောင်ပြင်ဆင်မလဲ၊ ရင်ဆိုင်မလဲ ဆိုတာပဲ အရေးကြီးတယ်၊ ဘေးကနေထိုင် ပြောနေလို့မရဘူး။
 
၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ်လုပ်လာတာကို တွေ့ရပြီး၊ အတိုက်အခံ သဘောသဘာဝ ပျောက်ကွယ်နေတဲ့ အတွက် ဝေဖန်မှုများကို လည်း ရင်ဆိုင်နေရပါတယ်။

Cred: The Voice Weekly.

ရွှေမန်းမှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သည် ဒီမိုကရေစီ စံနှုန်းနှင့်ညီသည်ဟု ပြောဆိုသွားသော်လည်း ပါတီက ပြည်သူကို လိမ်လည်မှုများရှိနေ။

မှတ်ပုံတင်ထုတ်ပေးမည်ဟုဆိုကာ ဓါတ်ပုံရိုက်သွားပြီးလက်မှတ်အတု
များထိုးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်ကဒ်များထုတ်ပေး ***************************************************** ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ် ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူ ဦးကျော်ရွှေမှ မှတ်ပုံတင်ထုတ်ပေးမည်ဟုဆိုကာ ဓါတ်ပုံရိုက်သွားပြီးလက်မှတ်အတုများထိုးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်ကဒ်များထုတ်ပေးထားသည်ဟုဆိုကာ ပြည်သတင်းသို့ အခုလိုပြောကြားခဲ့ပါသည်။ (ကျွန်တော့နာမည်က ဦးကျော်ရွှေပါ မှတ်ပုံတင်နံပါတ်က ၈/အလလန(နိုင်)၁၀၁၇၃၇ ကိုင်ဆောင်ထားတဲ့သူပါ ပြည်မြို့နယ် ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူပါ ကျွန်တော်တို့မိသားစုတွေမှာ မှတ်ပုံတင်မရှိလို့ဆိုပြီး ကျွန်တော့အမျိုးနဲ့ သမီးက ကြံ့ခိုင်ရေးက ၀က်ထီးကန်စည်းရုံးရေးမှုး ကိုထွန်းဦးကို မှတ်ပုံတင်အကြောင်းမေးမိုတာကစခဲ့တာပါ အဲမှာ ကိုထွန်းဦးက အိမ်ထောင်စုဇယားပါရင် ကျွန်တော်တို့ ကြံ့ခိုင်ရေးက အခမဲ့ မှတ်ပုံတင်ပြုလုပ်ပေးပါတယ်လို့ပြောပါတယ် နောက်နေ့တော့ သူကဓါတ်ပုံတွေလာရိုက်ပါတယ် ကျွန်တော့အမျိုးသမီးနဲ့ သမီးကဓါတ်ပုံအရိုက်ခံပါတယ် ကျွန်တော့ကိုလည်းဓါတ်ပုံရိုက်ဖို့ပြောတယ် ကျွန်တော်ကမလိုဘူးရပါတယ် ကျွန် တော့မှာ မှတ်ပုံတင်ရှိပါတယ်လို့ပြောတယ်အတင်းရိုက်ယူသွားပါတယ် ဘာလုပ်မလို့လည်းလို့မေးတော့ သူက လိုလိုမယ်မယ်ရိုက်ယူထားတာပါလို့ပြောသွားတယ် ဒါနဲ့ကျွန်တော်လည်းမပြောခဲ့တော့ဘူးပေါ့ ကျွန်တော်တို့မိသားစုတွေဟာ ဘယ်ပါတီဝင်မှလည်းမဟုတ်ပါဘူး စိတ်လည်းမ၀င်စားဘူးဒါ့ကြောင့်ဒီတိုင်းပဲနေခဲ့ကြပါတယ် လအနည်းငယ်လောက်မှာတော့ ကျွန်တော်အိမ်မရှိခိုက် မှတ်ပုံတင်ဆိုပြီးလာပေးသွားတယ် ဒါနဲ့ကျွန်တော်ခရီးကပြန်အရောက်ကြည့်လိုက်တော့ မှတ်ပုံတင်မဟုတ်မှန်းသိခဲ့ရတယ် မှတ်ပုံတင်အတုတွေပဲဟုစိတ်ထဲတွေးနေမိပါတယ် ကျွန်တော်ကလည်းအိမ်ကိုလာပေးတော့ ဘယ်သူတွေသိလည်းလို့မေးတယ် ကျွန်တော့အမျိုးသမီးကသူ့ကိုပေးခဲ့တာပါလို့ဖြေတာပေါ့ နင်ကိုဘာတွေပြောသွား သေးလည်းဆိုတော့ အမျိုးသမီးက ဒီကဒ်ပေးသွားတုန်းကတော့ ဒီကဒ်ရှိရင် တရုတ်မှာပိုက်ဆံချေးယူလို့ရတယ်လို့ပြောသွားတယ် ခရီးသွားတိုင်းလည်းယူသွားပါလို့လဲ ကိုထွန်းဦး(စည်းရုံးရေးမှုး)ကမှာသွားတယ်လို့ပြောတယ် ဒါနဲ့ကျွန်မလည်း တရုတ်မှာတောင်ငွေချေးလို့ရတယ်ဆိုတော့ ယူထားမိပါတယ်လို့ ပြန်ပြောပါတယ် အဲနောက်ပိုင်းသတိမထားမိဘူး နီးစပ်ရာတွေမေးကြည့်တော့လည်း တချို့က ကျွန်တော်တို့လိုပဲအဖြစ်အပျက်ချင်းတွေ တူနေတယ် တချိုးအိမ်နီးနားချင်းကလူတစ် ယောက်ဆိုရင် ဘယ်ချိန် ဘယ်နေ့က သူ့ဓါတ်ပုံခိုးရိုက်သွားမှန်းတောင်မသိရဘူး ကဒ်လာပေးတော့ သူ့ကဘယ်ပါတီမှစိတ်ဝင်စားဘူး ကဒ်ကိုပြန်ပေးလိုက်ရတာတွေလည်းရှိပါတယ် အဲနောက်ပိုင်းဒီလိုအဖြစ်တွေတူနေတာကများလာတော့သေ သေချာချာစဉ်းစားမိလို့ ချောင်ထိုးထားတဲ့ကဒ်တွေကိုပြန်ကြည့်တော့ ကျွန်တော်တို့လက်မှတ်မထိုးထားခဲ့တဲ့ ကိုင်ဆောင်သူ၏လက်မှတ်နေရာမှာ လက်မှတ်အတုတွေထိုးထားတယ် အဲဓါတ်ပုံလာရိုက်သွားတာက ၂၀၁၃ခုနှစ် ဇူလိုင်လလောက်က ပါ ရိုက်ပြီး(၂)လခန့်ကြာမှလာပေးတာပါဟု ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူ ဦးကျော်ရွှေမှ ပြည်သတင်းကိုပြောကြားခဲ့ပါသည်။) ကိုသန်းဇော် အိမ်အမှတ်(၁၆၂) ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း နေထိုင်သူမှ ပြည်သတင်းကိုယခုလိုပြောကြားခဲ့......... ဓါတ်ပုံရိုက်သွားတာလည်းမသိလိုက်ရဘူး အဲဒိကဒ်လာပေးတော့ အိမ်ကလေးတွေကိုပေးသွားတာ ကျွန်တော်လည်းသိသိချင်း ဘယ်ပါတီကိုမှစိတ်မ၀င်စားဘူး ပါတီလည်းမ၀င်ဘူး အခုဝင်ပြီးသားဆိုလည်း ပြန်ထွက်တယ်ဗျာဟုပြောပြီး ကဒ်ကိုပြန်ပေးလိုက်ရတယ် အဲဒိအဖြစ်က လွန်ခဲ့တဲ့(၅)ရက်လောက်ကပါ ကျွန်တော့ကျေနပ်မှုမရှိဘူး အဲလိုကြီးခိုးကြောင်ခိုးဝှတ်တော့ ဓါတ်ပုံမရိုက်သင့်ဘူးပေါ့ဗျာ ကျွန်တော့ကိုခွင့်တောင်းရမယ် ကျွန်တော်စိတ်ပါရင်ခွင့်ပြုမှာပေါ့ အခုဟာက ကျွန်တော့ခွင့်ပြုချက်မရဘဲ အကုန်လုပ်သွားတယ် ဟု ကိုသန်းဇော် အိမ်အမှတ်(၁၆၂) ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း နေထိုင်သူမှ ပြည်သတင်းကိုပြောကြားသွားသည်။ အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအသင်းဝင်ကဒ်ပြားများတွင် ..... ၁။ ဦးကျော်ရွှေ၊ပါတီဝင်အမှတ်(၃၂၀၂၄၂၃၃)၊မှတ်ပုံတင်အမှတ်(၈/အလလန(နိုင်)၁
 
ပြည်သတင်းမှ ပြန်လည် ကူးယူတင်ပြသည်။

လူငယ်စွမ်းရည် မြှင့်တင်ရေးသင်တန်း အာဏာပိုင် ခွင့်မပြု။

ရမ်းဗြဲမြို့မှာ လူငယ်စွမ်းရည် မြှင့်တင်ရေးသင်တန်း ပိတ်ပင်ခံရ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကစီစဉ်တဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် သင်တန်းမလုပ်ဖို့ မနေ့ကခေါ်ယူတားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဒီပိတ်ပင်မှုနဲ့ ပတ်သက်လို့ ဝံလက်ဒေသဖွဲ့ဖြိုးရေးဖောင်ဒေးရှင်း၊ လူငယ်စွမ်းရည်မြှင့် သင်တန်းရေးရာတာဝန်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခိုင်ကောင်းစံက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ သင်တန်းလုပ်တာက လူငယ်တွေကို စွမ်းရည်မြှင့်ပေးတဲ့ သင်တန်းပါ၊ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ပါမယ်၊ ဒါကိုအုပ်ချုပ်ရေးမှူးက သင်တန်းမလုပ်ဖို့ ပိတ်တာပါ”

မနေ့ကစတင်ပြီး ၆ ရက်တာကြာမြင့်မယ့် လူငယ်စွမ်းရည်မြှင့်သင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိပေးပြီးမှ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမနေ့အစီအစဉ်အပြီးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြုလုပ်ခြင်းမပြုဖို့ အခုလို ခေါ်ယူတားဖြစ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဟာ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေကို ရခိုင်ပြည်နယ် မြောက်ဦး၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူစတဲ့ မြို့နယ် ၁၁ ခုလောက်က ဒေသခံလူငယ်တွေကို သင်တန်းတွေပို့ချပေးနေတာလို့ သိရပါတယ်။
Cred: RFA

KIO သစ်ခိုးထုတ်မှုမရှိ ဟု ပြောဆို။


သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖမ်းဆီးရမိတဲ့ သစ်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်တွေ။ သစ်ကုန်သည်တွေက စစ်ကြောင်းတွေနဲ့ ညှိနှိုင်းပြီး မန်စီမြို့နယ်ကတစ်ဆင့် တရုတ်ဘက်ကို ထွက်သွားမယ့် သစ်တွေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီအထိ ရောက်လာစရာ မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

တပ်မတော်က သစ်ခိုးထုတ်မှု ဖမ်းဆီးရန် ရှိသည့်အတွက် လမ်းကြောင်းမှ ရှောင်ရန် ကေအိုင်အေကို အကြောင်းကြားထားသဖြင့် တပ်မတော် လမ်းကြောင်းမှ ရှောင်နေသော်လည်း ကေအိုင်အေ၏ ရှေ့တန်း တပ်စခန်းများသို့ စစ်ကြောင်း တက်လာသဖြင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တပ်မတော်က သစ်ခိုးထုတ်မှုများကို ဖမ်းဆီးပြီးသောအခါ တပ်လှုပ်ရှားမှုများကို ရုပ်သိမ်းသွားမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကတိပြုထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

The Voice Weekly

အစိုးရမှ ပြည်သူအား လိမ်စားနေ (ဆောင်းပါး)

အစိုးရပိုင်းကတာဝန်ရှိသူတွေ လက်တလုံးခြား ဥပဒေတွေနဲ့ ပြည်သူလူထုအပေါ် လိမ်ညာနေ ကျေးဇူးရှင်များဟု တဖွဖွ ရည်ညွှန်းခဲ့ပြီး တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုထက်တိုင် မြေသိမ်းယာသိမ်း ခံနေရမှုများ အစရှိသည်တို့ မျှော်လင့်သလို ဖြစ်မလာခဲ့…။ ပြည်သူ့သဘော ထားအမှန်က လက်ပံတောင်းတောင် စီမံကိန်းကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ဖြစ်တယ်။ ဦးပိုင်ကုမ္မဏီ ကို မယုံကြည်တော့တာသာဖြစ်တယ်။ ၀မ်ပေါင် ကို တပ်ခေါက်ပြန်ခိုင်းတာဖြစ်တယ်။အာဏာရ အစိုးရကတော့ ပြည်သူတွေ အပေါ် ယခုအထိ ယုံကြည်မှုမ ပေးသေးပါဖူး။ သူရဲ့ အာဏာတည်တံ့ရေး လမ်းကြောင်းကို မျက်ခြေပြတ်မခံသေးတာပဲတွေ့နေရပါတယ်။ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်ဆိုရင် အကြမ်းဖက်ပြီး အဓိကရုဏ်းနှိမ်နင်းခဲ့တဲ့အခါဘဲဖြစ်ဖြစ်- လူ့အခွင့်အရေးများ ချိုးဖောက်တဲ့အခါဖြစ်ဖြစ် မိမိတို့ဘက်က အပြစ်ကျူးလွန်သူတွေ ရှိလာရင် ထိုကျူးလွန်သူတွေ ကို ဥပဒေကြောင်းရာ အရထိထိရောက်ရောက် အပြစ်ပေးအရေးယူဖို့လဲလိုအပ်ပါတယ်။ အထူးသဖြင့်လက်နက်ကိုင်အဖွဲ့ဖြစ်ကြတဲ့ ပြည်သူ့ရဲနဲ့ တပ်မတော်သား တွေဟာ ပြည်သူထဲက ပြည်သူတွေပါဘဲ အထက်ကပေး လာတဲ့ အမိန့် တွေဟာ တိုင်းပြည်နဲ့ လူထုအပေါ် ဘာမှအကျိုး မပြုဘူး ဆိုရင် အဲဒီတာ ဝန်တွေကို ထမ်းဆောင်နေစရာမလိုဘူး။ အကယ်၍ ခင်ဗျားတို့ပစ်မယ့် သူ-ခင်ဗျားရိုက် မယ့်သူဟာခင်ဗျားတို့ရဲ့ မိဘမောင်နှမသားသမီးဖြစ်နေ မယ်ဆိုရင်ခင်ဗျားတို့ပစ်မှာမဟုတ်သလိုရိုက်မှာလည်းမဟုတ်ပါဘူး။ ဒီနေရာမှာ ကိုယ်ချင်းစာနာစိတ်ထားရှိဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတော်စီမံကိန်းဖြစ်၍ မဖြစ်မနေလုပ်ရမည်ဆိုလျှင်တောင်မှ လယ်သမားတွေရဲ့ မိသားစုစားဝတ်နေရေး အတွက် အလုပ်အကိုင် အခွင့် အလမ်းများကို ရှာဖွေပေးရမှာပါ။ လျော်ကြေးကို ကာလပေါက် ဈေးနဲ့ ပြန်ပေးသင့်တယ်၊ အသုံးမပြုတဲ့ မြေလွတ်မြေရိုင်းတွေကို ပြုပြင်ပြီး ပြန်ခွဲဝေပေးသင့်တယ်။ ဒေသခံတွေ သောက်သုံးနေတဲ့ သောက်ရေ ကိစ္စ (Water Pollution) နဲ့ လေထုညစ်ညမ်းမှု အဆင့် (Air pollution) ဒါက လက်တွေ့ အကောင်အ ထည်ဖေါ်တဲ့ အခါ မှာ နိုင်ငံတကာ စံချိန် စံညွန်း နဲ့ အညီ ဆက်လုပ်ဖို့ ပြန်ပြီး သုံးသပ်ရပါမယ်၊ စည်းကမ်း ဖေါက်ဖျက်လို့ ရှိရင် လုပ်ငန်း လိုင်စင် သိမ်းခံ ရတာက ဥပဒေ နဲ့ အညီပင် ဖြစ် ပါ တယ်။ တရုတ် ကုမ္မဏီ အနေနဲ့ ဘာမှ ပြောပိုင်ခွင့် မရှိပါဘူး။လေထုအရည်အသွေးနှင့် ပါတ်သက်လို့ လေ့လာသုံး သပ်ချက်မှာဆိုရင်လည်း လေအမှုန်အမွှားများ (Total Suspended Particulate Matters TSMP ,PM10, PM5,)ပါဝင်မှုမှာ (WHO) နှင့် (USEPA) တို့ သတ်မှတ် ထားသော လေထုစံချိန်စံညွှန်းထက် နှစ်ဆပိုမိုများပြားနေတယ်ဆိုတာ အစီရင်ခံစာမှာဖေါ်ပြထားခဲ့ပြီးပါပြီ။ ဦးပိုင်လီမိတက်ဟာ ဝမ်ပေါင်ကုမ္ပဏီနဲ့ ချုပ်တဲ့စာချုပ်ကို ပြင်ဆင်ပြီး စီမံကိန်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ – သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်တွေ ရယူရပါမယ်။ဒါဟာ နိုင်ငံတကာရဲ့ ဥပဒေနဲ့အညီပါ။ သဘာဝပတ်ဝန်းကျင်ပျက်စီးရေးကိစ္စကို ဘယ်လို ဆောင်ရွက်ပေးနှိုင်မယ် ဆိုတာ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ လူသားတို့ရဲ့ လူနေမှုဘ၀တွေကို ဘေးဒုက္ခ ရောက်စေခြင်း သက်ရှိ သတ္တ၀ါတွေ၊ လူသားတို့ရဲ့ လူနေမှု ဘ၀တွေနဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်း တွေကို ထိန်းသိမ်းကာကွယ်ဖို့ တောင်တန်းတွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြဘို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။စီမံကိန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိမယ် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူး ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုး တက်စေမယ့် လုပ်ငန်းမျိုး ဖြစ်အောင် အမျှော်အမြင်ကြီးကြီး ဥာဏ်ကြီးကြီးနှင့် စဉ်းစားချင့်ချိန် ပြီး စည်းကမ်းတကျ နိုင်ငံတကာစံချိန်မှီ စနစ်တကျ သာလုပ်ဆောင်ကြပါရန် တင်ပြရခြင်းဖြစ်ပါတယ်။
 ဇော်ဝမ်းမောင်…

လာမည့် နှစ်ပေါင်း ၆၀ ခန့်တွင် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေ။

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို
 October 14, 2013
                       ၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။ ၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။ အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။ ၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။ ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်။
                 အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။ “သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။ ၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။ ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။ ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ ၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။
မြန်မာနိုင
 ရေးသားသူ- မောင်ထက်
 တည်းဖြတ်သူ- ဂျူးဂျူးလှိုင် By The Express Times

ရွှေ့ပြောင်းခံရမည့် ၆၇ ရပ်ကွက် ပြည်သူများ ဆန္ဒဖေါ်ထုတ်။


ရွှေ့ပြောင်းခံရမည့် ၆၇ ရပ်ကွက် မှ ဆန္ဒ ထုတ်ဖော်နေ ပါတယ်။ တရား ဝင်ဖြစ်ပြီး စုစုပေါင်း အင် အား၁၀၀ ရှိ ကာ ယခု ဆန္ဒပြ မှု က ပန်းခြံ ဘေး တွင် ဒုတိယ အကြိမ် ဖြစ်ပါတယ် ။ ၄င်းတို့က တန်ဖိုးနည်းတိုက်ခန်း ရ ရေး။အိုးအိမ်၏ ဂ တိ အတိုင်း ဆောင် ရွတ်ပေး။ကျောင်းသားများ ငြိမ်းချမ်း စွာ ပညာ သင် နိုင်ရေး စတဲ့ အချက်တွေ ကို တောင်းဆို နေပါတယ်။

credit to People Power FB

ကရင်လူထုက KNU ကို ဝေဖန်.


မြ၀တီမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲမှာ တက်ရောက်လာကြတဲ့ လူထုတွေက ကရင်အမျိုးသားအစည်းအရုံး KNU အပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ချို့ယွင်းချက်တွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင်ဝေဖန်ခဲ့ကြပါတယ်။


ဒီပွဲကိုကရင်လူထု ၃၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

KNU နဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ဘုန်းတော်ကြီးတပါးက KNU ကို ကရင်တမျိုးသားလုံးက ပိုင်တာဖြစ်တဲ့ အတွက် KNU ဘာဘဲလုပ်လုပ် ကရင်တမျိုးသားလုံးရဲ့ ဆန္ဒ သဘောထားကို မမေ့ဘို့လိုတယ်ဆိုပြီး ဆွေးနွေးပါတယ်။

ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရတဲ့ဒီလိုပွဲမျိုး ကရင်ပြည်နယ်မှာ လစဉ်လုပ်နိုင်ရငိကောင်းမယ်
ဆိုပြီး တက်ရောက်လာသူတဦးက ပြောပါတယ်။

ဒီပွဲကို ကရင်လက်နက်ကိုင်အဖွဲ့တွေ၊ မြ၀တီခရိုင်တာဝန်ရှိသူတွေ၊ ကရင်နိုင်ငံရေးပါတီတွေ၊ ပြည်နယ်အစိုးရ၀န်ကြီးတွေ၊လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့အောက်ခြေလူထုတွေ၊ကျောင်းသားလူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။











Cred: The Irrawaddy's Blog

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာ အမှန်တရားမြတ်နိုးသူ အမျိုးသမီးဆု ရရှိ

"အမှန်တရားမြတ်နိုးသူ အမျိုးသမီးဆုအား ကချင်
*********************************
ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာ ရရှိ"
**************************
(The Myanmar Times)
လူမှုဘ၀ ဖွံ့ဖြိုးရေးကဏ္ဍများတွင် စွမ်းဆောင်နေကြသော အမျိုးသမီး ရှစ်ဦးတို့အား ၎င်းတို့၏
စွမ်းဆောင်ရည်များကို ချီးကျူး ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးများကွန်ရက် (မြန်မာ) က
ထူးချွန်ဆုများ ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အမှန်တရားမြတ်နိုးသူ အမျိုးသမီးဆုအား ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာကို
လည်းကောင်း၊ လူမှုရေး ထူးချွန်ဆုအား ၀င်းဝင်း ကျန်းမာရေး ဖောင်ဒေးရှင်းအား တွဲဖက်တည်
ထောင်ခဲ့သော ဒေါ်ကေသီဝင်းကိုလည်းကောင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်းများတွင် အမျိုးသမီး
ကဏ္ဍများအား ဖော်ထုတ်ရေးသားခဲ့သော မေ့စွမ်းရည်မှ ပျိုးလက်ဟန်ကို လည်းကောင်း၊
အမျိုးသမီး သတ္တိဆုအား၊ အလုပ်သမား၊ လယ်သမားကိစ္စရပ်များတွင် ဥပဒေအသိပညာများ
ဖြန့်ဝေးပေးခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဒေါ်ခင်မိမိခိုင်ကို လည်းကောင်း၊ အမျိုးသမီး
ငယ်များ၏ ဘ၀ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများ ဆောင်ရွက်ပေးသော ရောင်စုံမိန်းကလေးငယ်များ
အဖွဲ့မှ ဒေါ်နန့်သဇင်မင်းကို လည်းကောင်း၊ ဥပဒေရေးရာအပိုင်းတွင် အမျိုးသမီးများအတွက်
ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းအား
လည်းကောင်း၊ အမျိုးသမီး နှင့် ညှိနှိုင်းပြောဆိုရေးဆုကို ဖန်တီးအိမ် မှ ဒေါ်ရွှေရွှေစိန်လတ်နှင့်
အမျိုးသမီး နှင့် ငြိမ်းချမ်းရေးဆုကို ကရင်အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်နော်စူစန်နာ
လှလှစိုးတို့ကို ဆုချီးမြှင့်သွားမည်ဖြစ်သည်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ တန်းတူ ပါဝင်
ဆောင်ရွက်မှုတွေ မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဒါကို အစိုးရ၊ အင်န်ဂျီအိုနဲ့ လူ့အဖွဲ့အစည်းထဲက
လည်း နားလည်လက်ခံကြဖို့ အသိပညာပေးမှုတွေ မြှင့်တင်ရမယ်။ အခုဆို ကဏ္ဍအသီးသီးမှာ
အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးရေးကိစ္စတွေကို နိုင်တဲ့အပိုင်းက ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ
ကို ဂုဏ်ပြုပေးတာပါ။ အဓိက နောက်မျိုးဆက်တွေလည်း လေ့လာ အတုယူနိုင်အောင်၊ ဆက်လက်
ပြီးလည်း ဒီလိုစွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ များများ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပါတယ်"ဟု
အမျိုးသမီးများ ကွန်ရက် (မြန်မာ) မှ နော်စူစန်နာ လှလှစိုးက ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပမည့် အမျိုးသမီးများကွန်ရက် (မြန်မာ)၏ နှစ်ပတ်လည်
အစည်းအဝေးတွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။
The Myanmar Times

လက်လုပ်မိုင်း(ဗုံး) နှင့်အန္တရာယ် ရှိနိုင်သော မြို.တွင်း နေရာဒေသများ

လက်လုပ်မိုင်း(ဗုံး) နှင့်အန္တရာယ် ရှိနိုင်သော မြို.တွင်း နေရာဒေသများ
********************************************

· လူစည်ကားရာ ဈေးများ
· ယာဉ်ရပ်နားရာ နေရာများ
· လမ်းဘေး အမှိုက်ပုံများ
. ခြုံနွယ်ထူထပ်သော လမ်းဘေးများ
· ရုပ်ရှင်ရုံ နှင့် ဟိုတယ်အ၀င်လမ်းများ
· ခရီသည်တင်ယာဉ်လူတင်လူချရာနေရာများ
· အဝေးပြေးကားကွင်းများ
. မီးရထားဘူတာရုံ
. လေဆိပ်
· အများသုံးအိမ်သာများ
· မီးလောင်လွယ်သည့် သိုလှောင်ရုံးအနီးဒေသများ
. ကုန်တိုက်များ
. လူကူးဂုံးကျော်တံတားများ

(အထက်ဖော်ပြပါ နေရာတွေကိုအထူးသတိပြုသင့်ပါတယ်)

ထင်ရှားနိုင်သည့် အမှတ်အသားများ

ပလပ်စတစ်အိတ်အမဲ/လုံးထွေးထားသည့်ပီနံအိတ်အပြဲအစုတ

. လက်ကိုင်အိတ်/လွယ်အိတ်/မျက်မှန်ထည့်သည့်ဗူးခွံ/စက္ကူဖြင့်ထုပ်ပိုးပြီးတိတ်ဖြင့်ပတ်ထားသည့်အထုပ်များ

. သာမာန်စွန်ပစ်ပစ္စည်းမဟုတ်သည့် ရေဒီယီု/ကက်ဆက်/ဖုန်း/စားပွဲတင်နာရီ များ/ခရီးဆောင်အိတ်များ/ပုံမှန်မဟုတ်သည့်အမှိုက်သရိုက်အစုအပုံများ

.၀ါယာကြိုးအစများ/ဓါတ်ခဲမှ အခွံပလပ်စတစ်အစများ/ပုံမှန်မဟုတ်သည့် သစ်ရွက်စုပုံသဏ္ဍာန်များ/ သံဗူးများ/တိတ်အ၀ါအစအနများ/သံပိုက်လုံးများ/ယမ်းဟုယူဆရသောအမှုန်.များ/ပုံပျက်နေသည့် မြေသဏ္ဍာန်များ

( အထက်ဖော်ပြပါ အနေအထားတို.ကို တွေ.ရှိတတ်ပါသည်)

အထူးသတိပြုရန်

( မိမိ မမြင်ဖူးသော(သို.) မသင်္ကာသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန် နှင့် တာဝန်ရှိသူများသို. သတင်းပေးရန်အထူးအရေးကြီးပါသည် )

ကံကောင်းသည့် အချက်မှာ ဒေသန္တရ လက်လုပ်မိုင်း များသာများပြီး စနစ်တကျထုတ်လုပ်ထားသည့် မိုင်း(ချိန်ကိုက်မိုင်း) ဖျက်အားပြင်း မိုင်း များ မဟုတ်ခြင်းပင်ဖြစ်သည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းများ၊ မသင်္ကာဖွယ်ရာလူများ၊

သံသယဖြစ်ဖွယ်ရာပစ္စည်းများ တွေ့ရှိပါက

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၁-၂၃၀၂၁၉၉၊

နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၆၇-၅၅၀၃၃၃၊

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၂-၆၁၄၄၄၊

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၅၂-၂၃၉၉၉ သို့

ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

Credit -သထုံခရိုင်ရဲတပ်ဖွဲ့ ....

......... ပြည်သတင်း မှကူးယူတင်ပြသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ဒီမိုကရေစီ စံနှုန်းနှင့် ပြည့်မီ သည်ဟု သူရရွှေမန်းမှ ပြောဆိုလိုက်သည်။

ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒီမိုကရေစီ စံနှုန်းနှင့်အညီ ကျင့်သုံးနေသည့် ပါတီဖြစ်ပြီး မည်သည့်ပါတီနှင့်မဆို တိုင်းတာရဲကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ၌ သတင်းထောက် တစ်ဦး၏ မေးမြန်းသည့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဖော်ဆောင်နေသူ တစ်ဦးဖြစ်ပြီး ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေး အောက်တွင် ပြည်ခိုင်ဖြိုး ပါတီဝင်များ လိုက်ပါပြောင်းလဲ ပါသလားဟု မေးမြန်းမှုအား နာယကက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ဒီနေ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ မည်မျှလောက်အထိ ဒီမိုကရေစီ ကျင့်စဉ်များ ကျင့်သုံးနေတယ် ဆိုတာကို လာရောက်လေ့လာ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်သည် ဗဟိုအလုပ် အမှုဆောင် ကော်မတီရဲ့အဆုံးအဖြတ်ပဲ။ ဦးရွှေမန်းရဲ့ အမိန့်မဟုတ်ဘူး။ ညွှန်ကြားချက် မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဦးရွှေမန်းသည် မိမိတို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတွေကို ဗဟိုအလုပ် အမှုဆောင် ကော်မတီမှာ တင်ပြတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေ ဆွေးနွေးတယ်။ အဲဒီကရလိုက်တဲ့ အဖြေသည် ဆုံးဖြတ် ချက်သည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် လက်ရှိ အခြေအနေ ပြောရဲတယ်။ ဘယ်ပါတီနဲ့ပဲဖြစ်ဖြစ် မိမိတို့ပါတီရဲ့ ဒီမိုကရေစီကျင့်စဉ်၊ ဘယ်ပါတီနဲ့ ပဲဖြစ်ဖြစ် တိုင်းတာရဲတယ်'' ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

-- EMG
 
cred: ဒီမိုဖက်တီး FB

Friday 25 October 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် အရင်းနှီးဆုံး စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း က ပြည်တွင်းပြည်ပမှ ဖိအားများအား ဂရုစိုက်မည်မဟုတ်ဟုပြော။

                 ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ယခု လွှတ်တော် ဥက္ကဌ အဖြစ်နေရာယူထားသော ဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်၍ ပြည်တွင်း၊ပြည်ပ မှ မည်သို့ပင် ဖိအားပေးစေကာမူ မိမိတို့ ချမှတ်ထားသည့် လမ်းကြောင်းပေါ် အခြေခံ ၍ သာ   ဆောင်ရွက်သွားမည် ဟု အောက်တိုဘာ (၂၄) ရက်နေ့က လွှတ်တော် ခန်းမဆောင်တွင် မီဒီယာများကို ပြောကြားခဲ့ပါတယ်။
၎င်းက စစ်ဖက်ဆိုင်ရာအရာရှိ (၂၅) ဦး၊ကြံ့ခိုင်ဖွံ့ဖြိုးပါတီမှ (၅၇) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၇) ဦး နှင့် အခြားသော အဖွဲ့အစည်းများမှ (၂၀)ဦး  စုစုပေါင်း (၁၀၉) ဦးတို့ဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ   ဖြင့်သာ   ဆောင်ရွက်သွားမည် ဟုပြောဆိုလိုက်သည်။
                              '' ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီဖွဲ့စည်းပြီးတော့လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ဦးတည်ချက်သုံးရပ် ချမှတ်ခဲ့တယ်။ ဒါလည်းအားလုံး အသိဖြစ်မှာပါ။ ဒီဘောင်အတွင်းကနေပြီးတော့ မိမိတို့ နိုင်ငံ ၊ မိမိတို့နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထားဆောင်ရွက်နေတဲ့ အခါမှာ ပြည်တွင်းကဖြစ်စေ ၊ပြည်ပဖြစ်စေ မည်သို့ပင်ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်'' ဟု ဦးသူရရွှေမန်းက ပြောဆိုထား ကြောင်း Daily Eleven သတင်းစာတွင် ဖေါ်ပြထားသည်။
                        အဆိုပါပြောဆိုချက်များမှာ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်အတွ သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် ဦးသူရရွှေမန်းမှ တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး မကြာသေးမီကပင် ဦးရွှေမန်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉( စ) ကို   ပြင်ဆင်သင့်ကြောင်း လည်း ပြောဆို ထားကြောင်း   တွေ့ရသည်။
င်း   ဗြိတိန်နိုင်ငံမှ မြန်မာအစိုးရအား အခြေခံဥပဒေပြင်ရန် နိုင်ငံတကာနှင့် ပူးပေါင်း၍ ဖိအားပေးမည်ဟု
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသူရရွှေမန်းတို့အချင်းချင်း ချီးမွှန်းပြောဆိုမှုများ မကြာခဏ ဆိုသလို အွန်လိုင်း မီဒီယာများ တွင် ပျံ့နှံ့နေသည်ကို တွေနေရပြီး
ဦးသူရရွှေမန်းမှ   ဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟုလည်း ပြောဆိုထားသည်များရှိသည်ကိုလည်းတွေ့ရပါတယ်။ ဦးသူရရွှေမန်းဘက်မှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်နေပြီ ဟု ခန့်မှန်းပြောဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ကို လည်းတွေ့ရပါတယ်။
Ref: Daily Eleven Oct 25 .Friday .

Thursday 24 October 2013

ဗြိတိန်က ဒေါ်အောင်ဆန်းစုကြည်၏တောင်းဆိုချက် တွေ ဖြစ်လာဖို့အတွက် မြန်မာအစိုးရကို 2008 ဖွဲ့စည်းပုံပြင်ရန် ဖိအားပေးမည်။

ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက  မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေ ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးဖို့အတွက် ဗြိတိန်နိုင်ငံက ကူညီမယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo by AFP
ဗြိတိန်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့  ဒေါင်းနင်းလမ်း ၀န်ကြီးချုပ်ရုံးမှာ ကြိုဆိုစဉ် သတင်းဌာနတွေနဲ့ တွေ့ဆုံမှာ ပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က  ခုချိန်မှာ အရေးကြီးတဲ့ကိစ္စက အရင် စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဖြစ်တယ်။ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်သွားဖို့နဲ့ ရေရှည် တည်တံ့ခိုင်မြဲဖို့   ၊ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်ဖို့နဲ့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီ ဖွဲ့စည်းပုံဟာ မြန်မာ့လူမှု အသိုင်းအ၀ိုင်းရဲ့အနာဂတ်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ အဖွဲ့အစည်းဖြစ်ဖို့ အခြေခံ အုတ်မြစ် ဖြစ်ရမယ်လို့ ပြောကြားသွားပါတယ်။
သမ္မတ ဖြစ်ချင်တယ်လို့ ကြေညာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးဟာ  ဗြိတိန်နိုင်ငံသားတွေ ဖြစ်နေပြီး   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာ    ဇနီး၊ ခင်ပွန်းနဲ့  သားသမီးတွေဟာ  နိုင်ငံခြားသား မဖြစ်ရဘူးလို့ ရေးသားထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကတော့  တိုင်းပြည်က ဒီမိုကရေစီခေါင်းဆောင်တဦး တယောက်ကို အမြင့်ဆုံးရာထူးအတွက်  ထုတ်ပယ်ထားတဲ့ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပရင် လုံးဝကို မှားယွင်းမှာ ဖြစ်သလို သူအမြင်အရ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲလို့  မဆိုလိုနိုင်တဲ့အကြောင်း  ပြောပါတယ်။
ဒါအပြင် ကုတင် ၁၅၀၀ ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံ ပြင်ဆင်ဖို့ အတွက်လည်း ငွေကြေး အထောက်အပံ့တွေ ကူညီသွားမယ်လို့ ဗြိတိန်အစိုးရ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ် စတားဘော့မှာ ဆာခါရော့ လူအခွင့်အရေး ဆုရယူခဲ့ပြီး ဗြိတိန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
လန်ဒန်မှာ  ဗြိတိသျှ အိမ်ရှေ့မင်းသား ချားလ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီနေ့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ဆန်းဟတ်စ် စစ်တက္ကသိုလ်မှာ  အောက်တိုဘာ ၂၅ ရက်နေ့  မိန့်ခွန်းပြောကြားမယ်လို့လည်း ဆိုပါတယ်။
   from DVB News

Wednesday 23 October 2013

အစိုးရ စစ်တပ်မှ ကချင် ဒုက္ခသည် စခန်းတစ်ခုအား ဝင်ရောက် ပစ်ခတ် သိမ်းပိုက်ခဲ့ပါတယ်.




ကချင် ပြည်နယ် ဗန်းမော်ခရိုင် မန်စီ မြို့နယ်တွင် ရှိသော မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းအား ဗန်းမော် အခြေစိုက် အစိုးရ တပ်များက လက်နက်ငယ် လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ၀င်ရောက် သိမ်းပိုက် ခဲ့သည်ဟု ကချင်လွတ် လပ်ရေးတပ်မတော် (KIA) စစ်ရုံးချုပ်က အရာရှိ တဦးက ဆိုပါသည်။

“ ဗန်းမော်က အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က ဗျူဟာမှူး ကိုယ်တိုင် ဦးစီးပြီးတော့ ဒီနေ့ မနက် (၁၁) နာရီ မှာ လက်နက် ကြီးနဲ့ စတင် ပစ်ခတ် ပြီးတော့ (၂) နာရီ ခွဲလောက်မှာ ဒုက္ခသည် စခန်းကို တက်သိမ်း လိုက်တာပါ။ ထိခိုက်မှု ရှိနိုင် ပါတယ်။ အသေးစိတ် ကိုတော့ လောလောဆယ် မသိရ သေးဘူး” ဟု ဆိုပါသည်။

မုန်းဒိန်းပါ ဒုက္ခသည် စခန်းကို ၀င်ရောက် သိမ်းပိုက် ခဲ့သော အစိုးရ တပ်ဖွဲ့ များမှာ စကခ (၂၁) မှ နည်းဗျူဟာမှူး တဦး ဦးစီးပြီး ခလရ ၄၅ ၊ ခလရ ၅၆ ၊ ခမရ ၂၃၆ ၊ ခမရ ၂၄၀၊ ခမရ ၂၇၆ ၊ ခမရ ၆၀၁ နှင့် ခမရ ၆၀၂ တပ်ဖွဲ့များ ပါဝင်သော စုစုပေါင်း အင်အား တစ်ထောင် ကျော်ဖြင့် စစ်ဆင် ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များ၏ စစ်ဆင် ရေးကြောင့် ယမာန်နေ့ ပစ်ခတ် မှုတွင် မုန်ဒိန်းပါ ရွာသား နှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ပါသည်။ ယနေ့ စစ်ဆင် မှုတွင် မုန်းဒိန်ပါ ကျေးအနီးရှိ ဒုက္ခသည် စခန်းကို ပစ်ခတ် ရှင်းလင်း ခဲ့ရာ ထိခိုက်မှု မသိရ သေးဟု ဗန်းမော်မြို့ ဂရုဏာ လူမှု ကယ်ဆယ်ရေး အဖွဲ့မှ စီမံကိန်း ကြီးကြပ် ညွှန်ကြားသူ ကိုနော်ဒင်းမှ ဆိုပါသည်။

ယင်း မုန်းဒိန်ပါ ကျေးရွာ နားရှိ ဒုက္ခသည် စခန်းသည် မန်စီ မြို့နယ်ရှိ ကျေးရွာ များမှ စစ်ပြေး ဒုက္ခသည် အင်အား (၅၀၀) ခန့် ရှိပြီး၊ ၂၀၁၁ခု နှစ် အစိုးရ စစ်ဆင်ရေး စတင် ကတည်းက ထွက်ပြေး နေရသော ရွားသားများ ဖြစ်သည်ဟု KIO ထိန်းချုပ် နယ်မြေ တွင်းရှိ စစ်ပြေး ဒုက္ခသည် စခန်းများ ကော်မီတီမှ ဦးဒွဲပီဇာက ပြောသည်။

ယင်းနေရာ သည်လည်း ယခင်က KIA တပ်ရင်း (၁၂) နေရာဟောင်း ဖြစ်ပြီး အစိုးရ စစ်ဆင် ရေးကြောင့် ဆုတ်ခွာ လိုက်သည်မှာ ၂၀၁၂ ခုနှစ် နှစ်လည် ကတည်း ကပင် ဖြစ်ပါသည်။ ဤကဲ့သို့ အချိန် ကြာမြင့်စွာ ဆုတ်ခွာ ခဲ့သော နေရာသို့ အနီး အနားရှိ ဒုက္ခသည် များက သွားရောက် အခြေချ ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် အဆိုပါ နေရာအား စကခ (၂၁) စစ်ဗျူဟာမှ ယနေ့ နေ့လည် ပိုင်းတွင် မော်တာ လက်နက်ကြီးများ ပစ်သွင်းပြီး တက်ရောက် စခန်းသိမ်း လိုက်ခြင်း ဖြစ်ပါသည်။

“ဒီနေရာမှာ KIA တပ်တွေ မရှိတာ ကြာပြီးလေ။ တကယ်ဘဲ KIA တပ်တွေ ရှိမယ် ဆိုရင် တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်မှာပေါ့။ အရင် တုန်းက ဆိုရင် သူတို့ အဲဒီလို ပစ်ပြီးတော့ ဆုတ်ဆုတ် သွားတယ်လေ။ ဒီတပွဲ မှာတော့ ဒုက္ခသည် စခန်းကိုပါ တက်သိမ်း လိုက်တယ်။ ဒုက္ခသည် တွေကတော့ ဘယ်လို ဖြစ်သွား ကြတယ် ဆိုတာ ကတော့ မပြောတတ် သေးဘူး” ဟု ဆိုပါသည်။

စကခ(၂၁) စစ်ကြောင်း များသည် ၄င်းဒေသအား ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်နေ့ ကတည်းက စတင် စစ်ဆင် နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်း စစ်ဆင် ရေးကြောင့် မန်စီ မြို့နယ်မှ နာအူကြီး ရွာသား (၂၀၀) ကျော်သည် ဖန်ခါးကုန်း နှစ်ခြင်းခရစ်ယာန် ကျောင်းတော်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရ ပါသည်။ ထို့အပြင် အနီး အနား တ၀ိုက်က ကျေးရွာ လူထု များလည်း မြို့နှင့် နီးသော ကျေးရွာများ ဖက်သို့ ပြောင်းရွှေ့ ခဲ့ရ ပါသည်။

KIA သည် အစိုးရနှင့် ဆွေးနွေး နေသော ငြိမ်းချမ်းရေး အစီအစဉ်အား ထိခိုက်မည် စိုးသဖြင့် ဤကိစ္စ ထုတ်ဖေါ် ပြောကြားရန် ၀န်လေး နေကြ သည်ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့ များသည် ကချင် ဒုက္ခသည် စခန်းအား လက်နက် ကြီးဖြင့် ပစ်ခတ် ခဲ့ဘူး သော်လည်း ၀င်ရောက် စီနင်းမှု မရှိ ခဲ့ဟု KIA စစ်ရုံးချုပ် အရာရှိက ဆိုပါသည်


ရွှေဟင်္သာ သတင်းဌာန (http://www.phophtawnews.org) မှ သတင်းကို ကူးယူဖော်ပြပါသည်။

ပြည်သူ့ရဲတပ်ဖွဲ့မှ အပြစ်မဲ့ပြည်သူများကို ဝိုင်းရံထား

ကူညီပါရစေ ဆိုသော ဆိုင်းဘုတ်များတပ်ဆင်ကာ ပြည်သူများထံမှ ငွေကြေးများ ညှစ်၊မတရားမှုပေါင်းများစွာ ကျူးလွန်လျက်ရှိသော ပြည်သူ့ရဲအမည်ခံ အာဏာရှင် နှင့် ခရိုနီတို့၏ လူမိုက်များသည် ယခု လက်ပံတောင်းတောင်တွင် အေးချမ်းစွာ ဆန္ဒပြလျက်ရှိသော လယ်သမားများကို စစ်ဆင်ရေး ချီတက်သကဲ့သို ဝိုင်းရန်လာကြောင်းကို ထိုလက်ပံတောင်း တောင် အရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ ကိုဟန်ဝင်းအောင် ဖေ့စ်ဘွတ် အွန်လိုင်းမီဒီယာမှ ပို့စ်တင်ထားပါတယ်။
http://www.myanmarpoliceforce.org/

မြန်မာနိုင်ငံရဲတပ်ဖွဲ့ Website မှာတော့ May I Help You ဆိုတဲ့ နဖူးစည်းထိုးထားတာကို တွေ့ရပါတယ်။

၈၈၈၈ လူထုတိုက်ပွဲကြီး ငွေရတု အထိမ်းအမှတ်မှ ရရှိသော ဆုံးဖြတ်ချက်(၃) ချက် အကောင်ထည်ဖော်တော့မည်။


ယနေ့ (၂၃.၁၀.၂၀၁၃)ရက်၊ ညနေ(၃)နာရီတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ရုံးတွင် တက္ကသိုလ် ဆရာများသမဂ္ဂမှ ကျောင်းဆရာများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများလုပ်ငန်း ကော်မတီဝင်များ ၊၈၈ကျောင်းသား ခေါင်းဆောင်ကိုမိုးသီးဇွန် နှင့် ၈၈၈၈ ငွေရတု၏အလုပ်အဖွဲ့ မှ ကိုယ်စားလှယ်များ တွေဆုံပြီး ၈၈၈၈ငွေရတုတွင်ချမှတ်ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်(၃)ရပ် ဖော်ဆောင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာတွေဆုံဆွေးနွေးခဲ့ပါသည်။(
Political Prisoner fb)
8888 ငွေရတု ကျင်းပချိန်တွင် ဝေဖန်သံများ ပွက်လောရိုက်ခဲ့သော်လည်း ၈၈၈၈ ကာလ မှလူထုတိုက်ပွဲတွင်း ပါဝင်ခဲ့ကြသော အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ စုပေါင်း၍ ငွေရတု အလုပ်အဖွဲ့ဖွဲ့စည်းပြီး ထိုပွဲမှရရှိခဲ့သော ဆုံးဖြတ်ချက်(၃)ချက်ကို အကောင်ထည်ဖော်ရန် ဆွေးနွေးပွဲများ ပြုလုပ်နေကြပြီဖြစ်ပါတယ်။

Tuesday 22 October 2013

မောင်ရင် ငဇေ ဖွဲ့ဆိုထားတဲ့ ခေါင်းစဉ်မဲ့ကဗျာလေးပါ။



(-----------------)                                           

 ဘယ်နယ်ကလဲတဲ့ .....

 အလယ်ကလူ စကားမဝဲပါ

 ငါဟာ .....

 ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး

 ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။

 ဘေးနားက အနိုင်ကျင့်ချင်တဲ့
 ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့

မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့

မျက်နှာငယ် ရွှေမင်းသမီးလေးပါ။


 တိုင်းပြည်ကမငယ်ပေမယ့်

 မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။


 ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။

 ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊

 အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့

 ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။


 ရေမလာ၊ မီးမလာလည်း

 ဘာဂရုစိုက်ရမလဲ

 ငွေသာရှိလို့ကတော့

 အဝီစိထိ လှိုဏ်ခေါင်းတူးပြီး

 အဲကွန်းဖွင့်နေလို့ရတယ်။


 ဆေးလိပ်အရက် လူကိုဖျက်ဖျက်

 ဝင်ငွေမပျက်

 စီးပွါးတက်ဖို့ဆိုတဲ့

 အတွေးအခေါ်တွေနဲ့

 ဘယ်သူသေသေ

> ငတေ မာဖို့သာ အဓိကပါ။


 နိုင်ငံရေး၊ပညာရေး

 လူမှုရေး

 ဘာရေးမှ မရေးကြနဲ့

 ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့

 ရေးသုံးရေးရှိတယ်

 ခုထိတော့ ခပ်ရေးရေးပဲ။


 သားသမီး မကောင်းတော့

 မိဘခေါင်းတဲ့

 အမိ၊အဖက မကောင်းတော့

 သားသမီး ခမျာ

 ဟိုပြောင်းဒီပြောင်းနဲ့

  လူလောင်းလှည့် နေကြရပေါ့။


 မင်းလိပ်ပြာလုံဖို့ မလိုဘူး

 မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။

 မင်းစိတ်ထားဖြူဖို့ မလိုဘူး

 မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။

 မင်းကိုယ်ချင်းစာဖို့ မလိုဘူး

 ကိုယ်ပဲ သာဖို့လိုတာပါ။


 အများအကျိုးဆောင်စရာ မလိုဘူး

 အကျိုးဆောင်တွေ ပေါလွန်းလို့

 သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။

 ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး

 ထမင်းဝမှ ပညာသင်လို့ရမှာ

 အဖေရယ်......"သားတို့ပညာတတ်ကြီးဖြစ်အောင်

 များများ စားပေးပါဦးတဲ့"

 နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။


 ငါတို့မှာ ....

 မြစ်ချောင်းအင်းအိုင်တွေပေါတယ်

 ရေတော့ရှားတယ်။
 တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်

အဝိုင်းတွေတော့ရှားတယ်။

 ဆန်ရေစပါး ပေါများတယ်

 ထမင်းတော့ နပ်မမှန်ကြဘူး။

 သစ်တောတွေတော့ ပေါတယ်

 ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။

 တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်

စိတ်ချမ်းသာတွေတော့ နည်းတယ်။

 ပုတ်သင်ညိုတွေ ပေါတယ်

 ဒေါင်းတွေက မျိုးတုန်းနေပြီ။

 စွမ်းအားရှင်တွေတော့ပေါတယ်

 စွမ်းအင်ကိုတော့ ချွေတာရတယ်။

 စစ်သားတွေတော့ ပေါတယ်

 အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။

 လူကြီးသားသမီးတွေတော့ပေါတယ်

 လူကြီးလူကောင်းတွေတော့နည်းတယ်။

 လုပ်စရာတွေ တော့ပေါတယ်

 အလုပ်တွေတော့ ရှားနေတုန်းပဲ။


 နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး

 ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။

 လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး

 ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။

 ပညာတတ်တွေ မလိုဘူး

 ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။

 အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး

 ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။

 ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး

 ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။

 အနုပညာသမား စစ်စစ်တွေမလိုဘူး

 ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။

 ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး

 ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။


 ဒါပေမဲ့ ငါတို့ဟာ ....

ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို

 နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။

 စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို

 ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။

 ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို

 ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။

 ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို

 နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။

 ကုန်ကုန်ပြောရရင် ......

 ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။


 ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်

 အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို

 မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။


အနည်းဆုံးတော့ .....

 ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို

 ပြန်လာကြမှာပါ။



(မောင်ရင်ငဇေ)

မိုးထိမိုးမိ ရွှေလုပ်သားများ ယခုထိ ဖိနှိပ်ခံနေရဆဲ၊ ဆန္ဒပြသမှုများဆက်လက်ဖြစ်ပွားနေဆဲ

မိုးထိမိုးမိ ရွှေလုပ်သားတွေ ထောင်သောင်းချီပြီး ဆန္ဒပြနေကြပြီ ဆိုသော သတင်းများ တက်လာ၍ မဆုံးမီပင်မှာပင်...အာဏာရှင်ဘက်တော်သား တစ်ချို့မှ လုပ်ကြံဖန်တီးလိုက်သော တောင်ကုတ်မြို့ ပြသနာ မီဒီယာများတွင် ရုတ်ချည်းပြန့်နှံ့လာခဲ့ပါတယ်။
ရွှေလုပ်သားများ မီဒီယာပေါ်မှာကြာကြာ မနေလိုက်ရပါဘူး။ပြည်သူထဲကလည်း သိတဲ့သူသိ မသိတဲ့သူမသိလိုက်ရဖြစ်ကုန်ပါတော့တယ်။ အရောင်မှိန်သွားတဲ့ မိုးထိမိုးမိ ဆန္ဒထုတ်ဖေါ်မှု ကြီးက အောင်မြင်စွာ အဆုံးမသတ်လိုက်ရတဲ့ အတွက် ရွှေလုပ်သားတွေ ဆင်းရဲ မွဲတေမှု၊မတရားမှု၊ခေါင်းပုံဖြတ်မှု၊ဖိနှိပ်မှုအဖုံဖုံကို ခံစားနေရဆဲဖြစ်ပါတယ်။



အရင်တုန်းက ကုမ္ပဏီကို ရွှေသတ္တုပါတဲ့ဟာတွေ ၁ဝဝ ထွက်ရင် ၅ဝ ရာခိုင်နှုန်း ကုမ္ပဏီကိုပေးတယ်၊ ကျန် ၅ဝ ရာခိုင်နှုန်းက ကုန်ကျစရိတ်နုတ်ပြီး ကျန်တဲ့ဟာလေးကို ခွဲယူကြတယ်ပေါ့နော်၊ အခုက သူတို့ကလုံးလုံးပိတ်သိမ်းလိုက်တယ်၊ ကျနော်တို့ ကိုယ်ပိုင်ငွေကြေးနဲ့ တူးထားတဲ့ ရွှေတွင်းတွေကို ပိတ်သိမ်းတယ်၊ စက်တွေကို လည်ပတ်ခွင့်မရှိတော့ဘူး၊ လူတွေကိုလည်း အပြင်ကိုမောင်းချတယ်၊ ဒီလုပ်ပိုင်ဧရိယာအတွင်းမှာ မမြင်ချင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်လို့ ကျနော်တို့ကဆန္ဒပြတာ”http://www.rfa.org/burmese/news/moehteemoemeet-protest-10222013114550.html

မတရားမှုကို ဖော်ထုတ်လို့ မတရားတဲ့ ဥပဒေနဲ့ ပြန်လည် ဖမ်းဆီးခံခဲ့ရတဲ့ ကိုထင်ကျော်

http://www.rfa.org/burmese/news/court-sentence-kohtinkyaw-6months-jail-10222013121915.htmlပီးခဲ့တဲ့ သြဂုတ်လက တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ် တရားရုံးက မနေ့က ပုဒ်မ ၁၈ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်။
ကိုထင်ကျော်ဟာ လက်ရှိအင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတာ ၃ လလောက်ရှိပြီဖြစ်ပြီး သူ့ကို ပုဒ်မ ၁၈နဲ့ပဲ တရားစွဲဆိုထားတဲ့ မြို့နယ်လေးခုလောက် ရှိနေသေးတယ်လို့ ကိုထင်ကျော် ဦးဆောင်တဲ့ "ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့" သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာက ပြောပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ကိုထင်ကျော်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားတာရှိသေးတယ်လို့လည်း  သိရပါတယ်။
ကိုထင်ကျော်ဟာ ၂၀၀၇ခုနှစ်က လောင်စာဆီနဲ့ ကုန်ဈေးနှုန်းမြင့်တက်တဲ့အပေါ် တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့အတွက် ၁၂နှစ်ကျော်ထောင်ကျခံခဲ့ရပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၁၂ခုနှစ်မှာ ပြန်လွတ်ခဲ့ရာကနေ ပုဒ်မ၁၈နဲ့ ထပ်မံထောင်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။

RFA  လွတ်လပ်တဲ့ အာရှအသံမှ ကူးယူဖော်ပြပါသည်။

တစ်ခုတည်းသောအတိုက်အခံပါတီဖြစ်ရန် အလားအလာရှိနေသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရန် အခက်အခဲရှိနေ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ အား နိုင်ငံသား စီစစ်ရေးကဒ် (သို့) အမျိုးသားမှတ်ပုံတင်ကဒ် အာဏာပိုင်မှထုတ်မပေးသေး။

                  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် နိုင်ငံသားစီစစ်ရေးကဒ် ယခုထိ မရရှိသေးတဲ့အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ရန် ကိစ္စမှာ နှောင့်နှေးနေကြောင်း သိရသည်။
                  ''လူဝင်မှု ကြီးကြပ်ရေး ဌာန က ကျွန်တော့် မှတ်ပုံတင်ကိစ္စကို အချိန်ဆွဲနေတဲ့ အတွက် ပါတီမှတ်ပုံတင်ဖို့ အချိန်ကြန့်ကြာနေပါတယ်'' ဟု ပါတီဥက္က ဦးအောင်မိုးဇော်က ပြောပါတယ်။
၎င်းက ၂၀၁၃ သြဂုတ်လ ကတည်းက မှတ်ပုံတင်ကိစ္စကို လူဝင်မှုကြီးကြပ်ရေးမှာ လျှောက်ထားတာပါ။ယခုအချိန်ထိ ဘာအကြောင်းမှ မထူးသေးဘူးဟု ထပ်မံဖြည့်စွက်ပါတယ်။
                '' ကျွန်တော် မြို့နယ် လဝက ရုံးကို မေးတော့ သူတို့က တိုင်း လဝက ရုံးကို လွှဲပါတယ်၊ တိုင်း လဝက ကိုမေးတော့  ဗဟို လဝက ရုံးကို ထပ်ပြီး ညွှန်ပါတယ်။ ဗဟိုကို မေးတော့ ညွှန်ချုပ်က လက်မှတ်မထိုးသေးဘူးလို့ ပြောပြန်ပါတယ်။ဘာတွေ ဖြစ်နေလဲ တော့ ကျွန်တော် မသိရသေးပါဘူး '' လို့ ဦးအောင်မိုးဇော်က ဆိုပါတယ်။
               လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သည် ယခုနှစ် သြဂုတ်လထဲတွင် နယ်စပ်ဒေသမှ   ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ပါတီခေါင်းဆောင်များ တွေ့ဆုံကာပါတီ ပြန်လည်မှတ်ပုံတင်မည့် ကိစ္စကို နှစ်ကြိမ်တိုင်တိုင်
 ဆွေးနွေးအောင်မြင်ခဲ့ပြီးဖြစ်သည်။
           လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားလူငယ်အများစု နှင့်ဖွဲ့စည်းထားသောပါတီအဖြစ်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈-၁၉၈၉ ကာလများတွင် ပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ဝန်းရံသော ပါတီအဖြစ်ရပ်တည်ခဲ့ပြီး ဒုတိယအင်အားအကြီးမားဆုံးပါတီ အဖြစ် လူထုအကြားခိုင်ခိုင်မာမာနေရာရခဲ့ ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အပြီးကာလ များတွင် စစ်အာဏာရှင်အစိုးရမှ မတရားအသင်းအဖြစ်သတ်မှတ်ပြီးက ပါတီဝင်များကို လိုက်လံ ဖိနှိပ်ဖမ်းဆီး ထောင်သွင်းအကျဉ်းချ သဖြင့် ပါတီကို ထိုင်း-မြန်မာနယ်စပ်တွင် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။
                 ၂၀၁၂ ခုနှစ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အကောင်ထည်ဖော်ရေး ကော်မတီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုမှတစ်ဆင့် ပြည်တွင်းတွင် ပါတီပြန်လည်ထူထောင်ရန် ဝင်ရောက်လာခြင်းဖြစ်ပါတယ်။        

(Myanma Freedom Daily မှ
''DPNS leader laments prolong NRC issuance''
Reported by Zay Ko) ကို ဆီလျော် အောင်ဘာသာပြန်ပါသည်။
  

Monday 21 October 2013

Stop The Slavery!