Tuesday 22 October 2013

တစ်ခုတည်းသောအတိုက်အခံပါတီဖြစ်ရန် အလားအလာရှိနေသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရန် အခက်အခဲရှိနေ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ အား နိုင်ငံသား စီစစ်ရေးကဒ် (သို့) အမျိုးသားမှတ်ပုံတင်ကဒ် အာဏာပိုင်မှထုတ်မပေးသေး။


                  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် နိုင်ငံသားစီစစ်ရေးကဒ် ယခုထိ မရရှိသေးတဲ့အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ရန် ကိစ္စမှာ နှောင့်နှေးနေကြောင်း သိရသည်။
                  ''လူဝင်မှု ကြီးကြပ်ရေး ဌာန က ကျွန်တော့် မှတ်ပုံတင်ကိစ္စကို အချိန်ဆွဲနေတဲ့ အတွက် ပါတီမှတ်ပုံတင်ဖို့ အချိန်ကြန့်ကြာနေပါတယ်'' ဟု ပါတီဥက္က ဦးအောင်မိုးဇော်က ပြောပါတယ်။
၎င်းက ၂၀၁၃ သြဂုတ်လ ကတည်းက မှတ်ပုံတင်ကိစ္စကို လူဝင်မှုကြီးကြပ်ရေးမှာ လျှောက်ထားတာပါ။ယခုအချိန်ထိ ဘာအကြောင်းမှ မထူးသေးဘူးဟု ထပ်မံဖြည့်စွက်ပါတယ်။
                '' ကျွန်တော် မြို့နယ် လဝက ရုံးကို မေးတော့ သူတို့က တိုင်း လဝက ရုံးကို လွှဲပါတယ်၊ တိုင်း လဝက ကိုမေးတော့  ဗဟို လဝက ရုံးကို ထပ်ပြီး ညွှန်ပါတယ်။ ဗဟိုကို မေးတော့ ညွှန်ချုပ်က လက်မှတ်မထိုးသေးဘူးလို့ ပြောပြန်ပါတယ်။ဘာတွေ ဖြစ်နေလဲ တော့ ကျွန်တော် မသိရသေးပါဘူး '' လို့ ဦးအောင်မိုးဇော်က ဆိုပါတယ်။
               လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သည် ယခုနှစ် သြဂုတ်လထဲတွင် နယ်စပ်ဒေသမှ   ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ပါတီခေါင်းဆောင်များ တွေ့ဆုံကာပါတီ ပြန်လည်မှတ်ပုံတင်မည့် ကိစ္စကို နှစ်ကြိမ်တိုင်တိုင်
 ဆွေးနွေးအောင်မြင်ခဲ့ပြီးဖြစ်သည်။
           လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားလူငယ်အများစု နှင့်ဖွဲ့စည်းထားသောပါတီအဖြစ်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈-၁၉၈၉ ကာလများတွင် ပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ဝန်းရံသော ပါတီအဖြစ်ရပ်တည်ခဲ့ပြီး ဒုတိယအင်အားအကြီးမားဆုံးပါတီ အဖြစ် လူထုအကြားခိုင်ခိုင်မာမာနေရာရခဲ့ ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အပြီးကာလ များတွင် စစ်အာဏာရှင်အစိုးရမှ မတရားအသင်းအဖြစ်သတ်မှတ်ပြီးက ပါတီဝင်များကို လိုက်လံ ဖိနှိပ်ဖမ်းဆီး ထောင်သွင်းအကျဉ်းချ သဖြင့် ပါတီကို ထိုင်း-မြန်မာနယ်စပ်တွင် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။
                 ၂၀၁၂ ခုနှစ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အကောင်ထည်ဖော်ရေး ကော်မတီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုမှတစ်ဆင့် ပြည်တွင်းတွင် ပါတီပြန်လည်ထူထောင်ရန် ဝင်ရောက်လာခြင်းဖြစ်ပါတယ်။        

(Myanma Freedom Daily မှ
''DPNS leader laments prolong NRC issuance''
Reported by Zay Ko) ကို ဆီလျော် အောင်ဘာသာပြန်ပါသည်။
  

1 comment:

  1. ဟားရိုးရော်ဘင် ဝတ္ထု ကို အထောက်တော်လှအောင်ဘာသာပြန်ခဲ့တဲ့ အုတ်ကြားမြက် ဆိုတဲ့ ဝတ္ထုဇာတ်လမ်း ပြန်သတိရမိပါတယ်။
    တဖက် နဲ့ တဖက် နိုင်ငံရေးအရ ရန်ဘက်ကျကြတဲ့အခါ တရား တို့၊ ဥပဒေ တို့၊ မျှတတာ တို့၊ လူကြီးလူကောင်းဆန်တာ တို့ .... အားလုံး ဘာမှ အသုံးမဝင်ပါဘူး။

    ReplyDelete