Monday 28 October 2013

အစိုးရမှ ကချင်ကို ဆက်လက်တိုက်နေဆဲဖြစ်။

KIA,တပ်မဟာ(၃) နှင့် (၄)အားအစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေ ==============================
======= (by-LachidKachin) ကချင်လွတ်လပ်ရေးတပ်မတော် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၁၂) အုပ်ချုပ်နယ်မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာ သော မြန်မာ အစိုးရ စစ်တပ် (စ.က.ခ-၂၁) တပ် နှင့် KIA, တပ်ရင်း (၁၂) မှ ကချင်မျိုးချစ်ရဲဘော် တို့အကြား (၂၀၁၃၊ အောက်တိုဘာလ၊ ၁၃)၇က်နေ့ မွန်းလွဲ (၁၂း၃၀) အချိန်မှ ညနေ (၃)နာရီ ချိန် အထိ KIA, တပ်ရင်း (၁၂) ထိန်းချုပ်နယ်မြေဖြစ်သော "စဂါနမ်ခွမ်း"ရွာ အနီးတွင် အပြင်းအထန်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။ ဤကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားရခြင်းမှာ မြန်မာ အစိုးရ စစ်တပ် မှ လွန်ခဲ့သော အောက်တိုဘာလ(၈)ရက်မှ(၁၀)ရက်နေ့အထိ(၃)ရက်ကြာ မြစ်ကြီးနား၌ ပြုလုပ်ခဲ့သော အစိုးရ နှင့် KIO, တို့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှ နှစ် ဘက် သဘောတူလက်မှတ်ရေးထိုးထားသော အချက်(၇)ချက် အားမြနမာအစိုးရ ဘက် မှ ချိုးဖောက်ကာ KIA, တပ်ရင်း (၁၂)အား စစ်အင်အား အလုံးအရင်းဖြင့် လာရောက် ကျူးကျော်ထိုးစစ်ဆင် တိုက်ခိုက် ခြင်းကြောင့် ဖြစ်သည်။ တိုက်ပွဲ ကြောင့် KIA, တပ်ရင်း (၁၂) အုပ်ချုပ်နယ်မြေဖြစ်သော (နမ်လင်းပါ နှင့် မုန်းဒင်ပါ) ရွာတို့ မှ ဒေသခံ ပြည်သူများသည် မိုင်းခေါင် သို့ ထွက်ပြေးသိမ်းရှောင်လာကာ ကချင် နှစ်ခြင်း ဘုရားရှိခိုးကျောင်း နှင့် ကက်သလစ် ဘုရားရှိခိုးကျောင်း တို့ တွင် လာရောက် ခို လုံနေ ကြကြောင်းကိုလည်းထပ်မံသတင်းရရှိပါသည်။ တိုက်ပွဲ အတွင်းနှစ်ဘက် စစ်တပ်၏ ထိခိုက်ကျဆုံးမှု သတင်းအသေးစိတ်အားမသိရသေးပါ။ ဆက်လက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၄) အုပ်ချုပ်နယ်မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော်ဝင်ရောက်လာ သော မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၅၀၂) တပ် နှင့် T.N.L.A တပ်ဖွဲ့ဝင်တို့ အကြား (၂၅.၁၀.၂၀၁၃) ရက်နေ့နံနက် (၈)နာရီမှ (၁၁း၄၅) နာရီအချိန်အထိ KIA, တပ်ရင်း (၃၄)နယ်မြေဖြစ်သော"ဘန်အလောဒ်"ရွာ တွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း KIA, ရှေ့တန်းအရာရှိများထံမှ သတင်းရရှိပါသည်။

0 comments:

Post a Comment