Saturday 26 October 2013

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ဒီမိုကရေစီ စံနှုန်းနှင့် ပြည့်မီ သည်ဟု သူရရွှေမန်းမှ ပြောဆိုလိုက်သည်။

ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒီမိုကရေစီ စံနှုန်းနှင့်အညီ ကျင့်သုံးနေသည့် ပါတီဖြစ်ပြီး မည်သည့်ပါတီနှင့်မဆို တိုင်းတာရဲကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ၌ သတင်းထောက် တစ်ဦး၏ မေးမြန်းသည့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဖော်ဆောင်နေသူ တစ်ဦးဖြစ်ပြီး ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေး အောက်တွင် ပြည်ခိုင်ဖြိုး ပါတီဝင်များ လိုက်ပါပြောင်းလဲ ပါသလားဟု မေးမြန်းမှုအား နာယကက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ဒီနေ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ မည်မျှလောက်အထိ ဒီမိုကရေစီ ကျင့်စဉ်များ ကျင့်သုံးနေတယ် ဆိုတာကို လာရောက်လေ့လာ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်သည် ဗဟိုအလုပ် အမှုဆောင် ကော်မတီရဲ့အဆုံးအဖြတ်ပဲ။ ဦးရွှေမန်းရဲ့ အမိန့်မဟုတ်ဘူး။ ညွှန်ကြားချက် မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဦးရွှေမန်းသည် မိမိတို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတွေကို ဗဟိုအလုပ် အမှုဆောင် ကော်မတီမှာ တင်ပြတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေ ဆွေးနွေးတယ်။ အဲဒီကရလိုက်တဲ့ အဖြေသည် ဆုံးဖြတ် ချက်သည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် လက်ရှိ အခြေအနေ ပြောရဲတယ်။ ဘယ်ပါတီနဲ့ပဲဖြစ်ဖြစ် မိမိတို့ပါတီရဲ့ ဒီမိုကရေစီကျင့်စဉ်၊ ဘယ်ပါတီနဲ့ ပဲဖြစ်ဖြစ် တိုင်းတာရဲတယ်'' ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

-- EMG
 
cred: ဒီမိုဖက်တီး FB

0 comments:

Post a Comment