Saturday 26 October 2013

ဦးသန်းရွှေအား ဘေးကနေထိုင် ပြောနေလို့မရဟု ၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး ဆို။

 မကြာသေးခင် ရက်ပိုင်းအတွင်းမှာ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ က မြန်မာ့နိုင်ငံ အတွက်စိုးရိမ်ကြောင်းပြောဆို တဲ့ စကားအပေါ် ထင်မြင်ယူဆ ချက်တွေကို မေးမြန်းရာမှာ ၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး က အခုလို ပြောကြားခဲ့ပါတယ်။
အခု မြန်မာ့နိုင်ငံရေးက သူ့ဘက် ကိုယ့်ဘက် တွေးနေရမယ့်အချိန် မဟုတ်တော့ဘူးလေ၊ သမိုင်းကြောင်းမှာ မှားခဲ့တာက မှားခဲ့တာပဲ၊ ဖုံးထားလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံး သိနေပြီ၊ မှားခဲ့တာမှ နှစ်ပေါင်း ၆၀ကျော် ကြာအောင် မှားခဲ့ကြတာပဲ။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့၊ ဒါပေမဲ့ တစ်ယောက်တည်း အုပ်ချုပ်နေတဲ့ နိုင်ငံရေး မဟုတ်တော့ဘူး၊
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အချိန်မှာ ဒီလိုပါပဲ၊ ပြဿနာ တွေကတော့ ရှိမှာပေါ့၊ ဒါတွေကို ဘယ်လို ကောင်းအောင်ပြင်ဆင်မလဲ၊ ရင်ဆိုင်မလဲ ဆိုတာပဲ အရေးကြီးတယ်၊ ဘေးကနေထိုင် ပြောနေလို့မရဘူး။
 
၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ်လုပ်လာတာကို တွေ့ရပြီး၊ အတိုက်အခံ သဘောသဘာဝ ပျောက်ကွယ်နေတဲ့ အတွက် ဝေဖန်မှုများကို လည်း ရင်ဆိုင်နေရပါတယ်။

Cred: The Voice Weekly.

0 comments:

Post a Comment