Friday 25 October 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် အရင်းနှီးဆုံး စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း က ပြည်တွင်းပြည်ပမှ ဖိအားများအား ဂရုစိုက်မည်မဟုတ်ဟုပြော။

                 ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ယခု လွှတ်တော် ဥက္ကဌ အဖြစ်နေရာယူထားသော ဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်၍ ပြည်တွင်း၊ပြည်ပ မှ မည်သို့ပင် ဖိအားပေးစေကာမူ မိမိတို့ ချမှတ်ထားသည့် လမ်းကြောင်းပေါ် အခြေခံ ၍ သာ   ဆောင်ရွက်သွားမည် ဟု အောက်တိုဘာ (၂၄) ရက်နေ့က လွှတ်တော် ခန်းမဆောင်တွင် မီဒီယာများကို ပြောကြားခဲ့ပါတယ်။
၎င်းက စစ်ဖက်ဆိုင်ရာအရာရှိ (၂၅) ဦး၊ကြံ့ခိုင်ဖွံ့ဖြိုးပါတီမှ (၅၇) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၇) ဦး နှင့် အခြားသော အဖွဲ့အစည်းများမှ (၂၀)ဦး  စုစုပေါင်း (၁၀၉) ဦးတို့ဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ   ဖြင့်သာ   ဆောင်ရွက်သွားမည် ဟုပြောဆိုလိုက်သည်။
                              '' ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီဖွဲ့စည်းပြီးတော့လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ဦးတည်ချက်သုံးရပ် ချမှတ်ခဲ့တယ်။ ဒါလည်းအားလုံး အသိဖြစ်မှာပါ။ ဒီဘောင်အတွင်းကနေပြီးတော့ မိမိတို့ နိုင်ငံ ၊ မိမိတို့နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထားဆောင်ရွက်နေတဲ့ အခါမှာ ပြည်တွင်းကဖြစ်စေ ၊ပြည်ပဖြစ်စေ မည်သို့ပင်ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်'' ဟု ဦးသူရရွှေမန်းက ပြောဆိုထား ကြောင်း Daily Eleven သတင်းစာတွင် ဖေါ်ပြထားသည်။
                        အဆိုပါပြောဆိုချက်များမှာ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်အတွ သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် ဦးသူရရွှေမန်းမှ တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး မကြာသေးမီကပင် ဦးရွှေမန်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉( စ) ကို   ပြင်ဆင်သင့်ကြောင်း လည်း ပြောဆို ထားကြောင်း   တွေ့ရသည်။
င်း   ဗြိတိန်နိုင်ငံမှ မြန်မာအစိုးရအား အခြေခံဥပဒေပြင်ရန် နိုင်ငံတကာနှင့် ပူးပေါင်း၍ ဖိအားပေးမည်ဟု
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသူရရွှေမန်းတို့အချင်းချင်း ချီးမွှန်းပြောဆိုမှုများ မကြာခဏ ဆိုသလို အွန်လိုင်း မီဒီယာများ တွင် ပျံ့နှံ့နေသည်ကို တွေနေရပြီး
ဦးသူရရွှေမန်းမှ   ဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟုလည်း ပြောဆိုထားသည်များရှိသည်ကိုလည်းတွေ့ရပါတယ်။ ဦးသူရရွှေမန်းဘက်မှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်နေပြီ ဟု ခန့်မှန်းပြောဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ကို လည်းတွေ့ရပါတယ်။
Ref: Daily Eleven Oct 25 .Friday .

0 comments:

Post a Comment